မင်္ဂလာပါ စွယ်စုံလင်းမှ လှိုက်လှဲစွာကြိုဆိုပါ၏
Showing posts with label ပင်မစာမျက်နှာ. Show all posts
Showing posts with label ပင်မစာမျက်နှာ. Show all posts

Text Effect - Photoshop ဖြင့်စာလုံးဒီဇိုင်းများ ဖန်တီးခြင်း

Sunday, July 15, 2012

  • kyalsintar ဇွန်လ 29, 2012 8:13amတွင်ုkyalsintar မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်

  • စာပို့မယ်   View Blog


  •  ဒီနေ့တော့ Photoshop နဲ့ စာလုံး Design လေးဖန်းတီးပုံကို photoshop အခြေခံလေးတွေ လိုချင်နေတဲ့ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်..။ သူငယ်ချင်းတွေကလည်း ခဏခဏနပူနစာ တိုက်နေတာနဲ့ မသိသေးတဲ့ သူများနဲ့ အဝေးကသူငယ်ချင်းတွေအတွက် ဒီနေ့ဒီပိုစ့်လေး ကိုတင်လိုက်ရပါတယ်.. လုပ်ပုံလုပ်နည်းကတော့ သိပ်မခက်ပါဘူး..။ အသေးစိတ်ရှင်းပြထားလို့ ပုံတွေတော့ နည်းနည်းများတယ်..။ အပေါ်ကပုံလေးကို ဘယ်လိုဖန်တီးလဲဆိုတာ ကိုတင်ပြသွားပါမယ်.. အရင်ဆုံး Photoshop ရဲ့ File ကနေ New .. အဲဒီကနေ Photo စာရွက်တခုကို စယူပါမယ်..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..



  • အောက်ပုံမှာတော့ စာရွက်ဖြူကို အရောင်တင်မှာဖြစ်တဲ့အတွက် ပုံလေးတွေကြည့်ပြီး အဆင့်ဆင့်နှိပ်သွား ပေးလိုက်ပါ..

  • အောက်ပုံအတိုင်း 3 နေရာက Simple ကိုကလစ်လိုက်ပါ..


  • အပေါ်ပုံအတိုင်း OK ပေးလိုက်ရင်.. ဆေးရောင်ခြယ်ထားတဲ့ အကွက်လေးတွေ ပြောင်းသွားတာကို အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်.. ပြီးရင်တော့ အောက်ပုံက အနီဝိုင်းထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် အရောင်တခုကို ကလစ်လိုက်ပါ..

  • ပြီးရင်တော့ အောက်ပုံအတိုင်း မောက်စ်မျှားဖြင့် ဖိဆွဲပါ..။



  • ဒါဆိုရင် နေထိုးနေတဲ့ ဒီဇိုင်းလေး စာရွက်တရွက်ရလာပါပြီ... အောက်ကပုံမှာတော့ စာစရေးပါတော့မယ်..။ ဒါကြောင့် နံပါတ်စဉ်တိုင်းနှိပ်သွားပြီး စာလုံးအရောင်ရွေး... စာရေးပါ..

  • စာလုံးအရောင်နဲ့ စာရေးတာကို အောက်ပုံမှာ ဆက်ကြည့်ပါ..



  • စာလုံတွေကို  စိတ်ကြိုက်ပုံဖေါ်ဖို့ ဆိုရင်တော့ Type ကိုပြောင်းပေးရပါတယ်.. လုပ်နည်းကို အောက်ပုံမှာ ဆက်ကြည့်လိုက်ပါ..

  • Type ကိုနှိပ်ပြီးရင်တော့ အောက်ပုံအတိုင်း စာလုံးကို စိတ်ကြိုက်ပြောင်းလို့ ရပါပြီ..




  • အပေါ်ပုံအတိုင်း ပြီးရင်တော့ စာလုံးကသိပ်မလှသေးပါဘူး.. ဒါကြောင့် အောက်ပုံမှာပြထားတဲ့ အတိုင်း သွားလိုက်ပါ..

  • Inner Glow ရဲ့ ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း ပြောင်းလဲပေးလိုက်ပါ..။ ဒီနေရာမှာ ဒီပုံအတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလိုပါဘူး..။ မိမိတို့ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် စတိုင်လေးတွေကို ပြောင်းလဲ ရင်လည်း ရပါတယ်..။ စိတ်ကြိုက်လုပ်ပါ.. ပြီးရင်တော့ OK နှိပ်လိုက်ပါ..

  • အောက်ကပုံမှာတော့ လေယာတခုပွါး လိုက်ပါ.. Ctrl+Alt+Down Arrow နဲ့ လေယာပွါးပါမယ်.. ရှော့ကပ် ကီးကိုနှိပ်လိုက်ရင်တော့ အောက်ပုံအတိုင်း Lwinminbo Copy လေယာ တခုထွက်လာပါပြီ..


  •  


  • အောက်ကပုံကတော့ Copy ထွက်လာတဲ့ လေယာကို ပြောင်းပြန်လှန်ချမှာ ဖြစ်ပါတယ်.. ဆက်ကြည့်လိုက်ပါ..

  • အပေါ်ပုံအတိုင်းပြီးရင်တော့ အောက်ကပုံမှာ လေယာကွက်ထဲက စောစောန အောက်ဆွဲလှန်လိုက်တဲ့ လေယာနဲ့ သက်ဆိုင်တဲ့ Opacity မှာ အနည်းငယ်လျှော့ပေးပါ.... အောက်ရောက်နေတဲ့ စာသားရဲ့ အရောင်ကို လျှော့ပေးမှာဖြစ်ပါတယ်..

  • Fill မှာလည်း မိမိတို့ မျက်လုံးနဲ့ ကြည့်လို့ အဆင်ပြေမယ့် အနေအထားထိ လျှော့ပေးပါ..


  • ပြီးရင်တော့ အောက်ပုံမှာ နောက်ထပ်စာတကြောင်း ထပ်ရိုက်ပါမယ်.. ဆက်ကြည့်လိုက်ပါ.. နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..

  • အပေါ်ပုံအတိုင်း စိတ်ကြိုက်ရေးပြီးရင်တော့ Layer ကနေ Type ကိုကလစ်ပေးပါ.. အောက်ပုံ


  • ပြီးရင်တော့ Design စာလုံးကို အနားကွပ်လေး ထည့်မှာဖြစ်တဲ့အတွက် .. အောက်ပုံအတိုင်းဆက် နှိပ်သွားလိုက်ပါ..

  • Stoke ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း အရောင်ရွေးပေးပါ.. ပြီးရင် Ok နှိပ်ပါ..


  • အောက်ပုံအတိုင်း Design စာလုံးမှာ ဘောင်ကွပ်ပြီးသားမြင်ရပါပြီ...


  • ဒီနေရာမှာ တခုကျန်ခဲ့ပါတယ်.. ဘာလဲဆိုတော့ အပေါ်မှာ Lwinminbo Layer နဲ့ Lwinminb Copy Layer နှစ်ခုကို အပေါ်အောက်ညီအောင် ကြည့်ကောင်းအောင် ညှိပေးဖို့ပါ..။ ဒါကြောင့် အဲဒီအဆင့်ကို ဒီနေရာမှာ ပြန်လုပ်ပါမယ်.. Layer ဘောက်စ်ထဲက Lwinminbo Copy လေယာကို တချက်ကလစ်ပါတယ်..

  • လေယာကို ကလစ်ပြီးရင် အောက်ပုံအတိုင်း ဆက်နှိပ်သွားပါ..


  • အပေါ်ပုံအတိုင်း ညီအောင်ညှိပြီးရင်တော့ Enter တချက်ခေါက်ပေးပါ.. ဒါဆိုအောက်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..

  • စာလုံး ဒီဇိုင်း လုပ်တာပြီးဆုံးသွားပါပြီ.. အောက်ကပုံကတော့ ကျနော့် စိတ်ကြိုက် ပုံလေးတွေကို ဖြတ်ထည့် ထားတာပါ.. ဓါတ်ပုံ ဖြတ်ကပ်လုပ်တာကိုတော့ နောက်တင်တဲ့ ပိုစ့်မှာ ဆက်ကြည့်ကြပါဗျာ..

  •  

  • အောက်ကအဆင့်တွေကတော့ လေယာတွေ ပေါင်းပြီး သိမ်းတာပါ..။ မသိသေးတဲ့သူများကတော့ ဓါတ်ပုံဆိုဒ်နဲ့ သိမ်းတာကို ဆက်ကြည့်ပေးပါ..။ A,B နေ၇ာတွေကနေ လေယာတွေကို ပေါင်းပါမယ်..

  • ဒီပုံတွေအတိုင်း အဆင့်ဆင့် နှိပ်သွားပြီးရင်တော့ မိမိတို့ ပြုလုပ်လိုက်တဲ့ ပုံလေးဟာ Desktop မှာရောက်လာပါပြီ..
  • အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..မောင်မောင်သွင်မှတဆင့်


Read more...

လျှို့ဝှက် ကင်မရာကာကွယ်ရေး

Thursday, July 12, 2012


အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Myanmar Express


Read more...

Facebook အပါအဝင် ပုံများကို Zoom ဖြင့် ကြည့်ရအောင်

Monday, April 16, 2012

http://kozaw357.multiply.com.မှတဆင့်
  ပထမဦးဆုံး ပြောချင်တာကတော့ ဒီပို့စ်ဟာ Mozilla Firefox သုံးသူများ အတွက်သာ ဖြစ်ပါတယ်။ ကျန်သော ဘရောက်ဇာများ အတွက် မဟုတ်ပါဘူး။ ဒါကြောင့် တခြားသော ဘရောက်ဇာ သုံးသူများကိုတော့ ကြိုပြီးတော့ တောင်းပန် ထားရမှာပါပဲ။

       ဒါဆိုရင် မော်ဇီလာ သုံးသူများ အတွက်ကို ပြောပြပေးပါ့မယ်။ ဒါလေးကို ဘာကြောင့် သုံးသင့်လဲ ဆိုတော့ အထူးသဖြင့် နှေးကွေး လေးလံလှသော မြန်မာနိုင်ငံရဲ့ အင်တာနက် အနှေးနှုန်းနဲ့ ဆိုရင် google မှာ ကိုယ်ရှာနေသော ပုံတစ်ပုံကို မြင်ရအောင် ၊ Facebook မှာ ကိုယ်ကြည့်ချင်သော ပုံတစ်ပုံကို ကြည့်လို့ရအောင် ဆိုတာ ထိုပုံဆီကို ရောက်အောင် သွားနေတာနဲ့ အချိန် အလွန်ကုန်ပါတယ်။
     ဒါကြောင့် ဒီပုံပြီး နောက်တစ်ပုံကို သွားကြည့်တဲ့ အချိန်ဟာ အလွန်ကြာလို့ Facebook အပါအဝင် တခြားသော နေရာများမှ ပုံများကို အသေးစိတ် မြင်ဖို့ အတွက် တစ်ပုံပြီး တစ်ပုံ ကလစ်နှိပ်ကာ သွားရောက် ကြည့်ရှု့ရန် မလိုတော့ခြင်းပါပဲ။ မောက်စ်ရဲ့ ကာဆာလေးကို ကိုယ်ကြည့်ချင်သော ပုံလေးပေါ်မှာ တင်ထားလိုက်တာနဲ့ သူက သူ့ဖာသာ Zoom ဆွဲပြီး ပုံကြီး ချဲ့ပေးမှာ ဖြစ်ပါတယ်။
     ဒီမှာ ကိုယ်ကြိုက်တာကို ရွေးခြယ်ခွင့် ရှိပါတယ်။ အခု သုံးစွဲမဲ့သူဟာ Facebook မှ ပုံတွေကိုပဲ Zoom ဆွဲကြည့်မှာလား ၊ ဒါမှမဟုတ် google image မှ ပုံတွေ အပါအဝင် တခြားသော ( ၁၇ ) မျိုးသော နေရာများမှ ပုံတွေကို Zoom ဆွဲကြည့်မှာလား ဆိုတာကိုတော့ ကိုယ့်ဖာသာ ရွေးရပါလိမ့်မယ်။ ဒီအတွက် ပထမဦးဆုံး အောက်က ပုံလေးကို နှိပ်ပြီး အဲဒီနေရာကို သွားလိုက်ပါ။

      အဲဒီနေရာကို ရောက်ပြီ ဆိုရင် များလှစွာသော add on တွေထဲမှ ရွေးစရာ နှစ်ခု ရှိပါတယ်။ အပေါ်ဆုံးသော နှစ်ခုကိုပဲ ကျွန်တော်တို့ အသုံးပြုပါ့မယ်။ အောက်က ပုံလေးကို ထပ်ကြည့်ပါ။
     
      ဒီနေရာကို ရောက်ပြီ ဆိုရင် ကိုယ်က Facebook အတွက်ပဲ သုံးမယ် ဆိုရင်တော့ အပေါ်က ကျွန်တော် နံပါတ် ( ၁ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။ ဒီလို မဟုတ်ဘဲ ကိုယ်ကတော့ Facebook , google , Twitter , Wikipedia အစရှိသော ( ၁၇ ) မျိုးသော ဆိုက်တွေမှာ ရှိတဲ့ ပုံတွေကို Zoom ချဲ့ကြည့်ဖို့ သုံးမယ် ဆိုရင်တော့ ကျွန်တော် နံပါတ် ( ၂ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။     

       ကျွန်တော်ကတော့ Facebook တစ်ခုတည်း အတွက် မဟုတ်ဘဲ ၊ ( ၁၇ ) မျိုးလုံး ကြည့်ဖို့အတွက် ဆိုတော့ နံပါတ် ( ၂ ) ကိုပဲ နှိပ်လိုက်ပါမယ်။ အားလုံးကိုလည်း နံပါတ် ( ၂ ) ကိုပဲ နှိပ်ဖို့ အကြံပြုလိုပါတယ်။        ဒါဆိုရင် အောက်က ပုံပါ အတိုင်း Install လုပ်ရန် အကွက်လေး ထပ်ပေါ်လာပါ့မယ်။ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော် ပုံလေးနဲ့ အောက်မှာ ထပ်ရှင်းပြထားပါတယ်။
      
        ဒါလေးကို နှိပ်လိုက်တယ် ဆိုရင် သူ့ဖာသာ Install လုပ်ပါလိမ့်မယ်။ Install လုပ်လို့ ပြီးရင် ဒီအတိုင်း သုံးလို့ မရသေးပါဘူး။ အခု ဖွင့်ထားသော မော်ဇီလာကို Restart လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီ Add on လေးကို သွင်းတော့မယ် ဆိုရင် ကိုယ့်ဖွင့်ထားတဲ့ မော်ဇီလာက အရာတွေကို ( ဥပမာ - ဘလော့ ရေးနေရင် အရင် save ထားဖို့ လိုပါတယ်။ ) ခဏ မသုံးတာ ကောင်းပါတယ်။         ဒီနေရာမှာ ကျွန်တော် ခဏခဏ ပြောနေရလို့ နည်းနည်းလောက် ပြောချင်ပါတယ်။ မော်ဇီလာ Restart ဖြစ်တယ် ဆိုတာ စက်ကြီးပိတ်ပြီး Windows Restart ဖြစ်သွားတာ မဟုတ်ပါဘူး။ ကိုယ်ဖွင့်ထားသော ဘရောက်ဇာ မော်ဇီလာသာ Restart ဖြစ်သွားမှာ ဖြစ်ပါတယ်။  ပိုရှင်းရန် အောက်က ပုံလေးကို ကြည့်ပါ။
    
       ဒါဆိုရင် မော်ဇီလာ ဘရောက်ဇာက ဖွင့်ထားသမျှတွေကို သူ့ဖာသာ ပိတ်ပြီးတော့ သူ့ဖာသာ Restart လုပ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ခုနက ကိုယ်ဖွင့်ထားသမျှ Tab တွေ အတိုင်း မော်ဇီလာ ပြန်ပွင့်လာပါလိမ့်မယ်။ ဒါဆိုရင် သုံးလို့ အဆင်သင့် ဖြစ်ပါပြီ။ မော်ဇီလာရဲ့ Navigation Toolbar မှာ အပြာရောင်နဲ့ Z ဆိုတာလေး ပေါ်လာပါလိမ့်မယ်။ အဲ . . . Navigation Toolbar ဆိုတာ www. ဆိုပြီး ရှာတဲ့  Reload , Stop , Home , Address စတာတွေ ပါတဲ့ ဘာတန်းလေးပေါ့ဗျာ။ အခုတော့ အိမ်ပုံစံလေးရဲ့ ဘေးမှာ အပြာရောင်လေးနဲ့ Z ဆိုပြီး ပေါ်နေပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ။
    
           ဒါဆိုရင် Photo Zoom ကို စပြီး သုံးလို့ ရပါပြီ။ ဒီ Z ကလေးရဲ့ ညာဘက်ဘေး အောက်စိုက်နေတဲ့ မြားလေးကို နှိပ်လိုက်မယ် ဆိုရင် သူ့မှာ ပါတဲ့ အသုံးဝင် အလုပ်လုပ်သော ဆိုက်တွေကို ဖော်ပြထားပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ။
       
      ဒီလို ပေါ်လာရင်တော့ အဲဒီဘောင်လေးရဲ့ အောက်ဆုံးမှာ ရှိတဲ့ Setting ကို နှိပ်လိုက်ရင်တော့ အောက်က ပုံလေး အတိုင်း ပေါ်လာမှာပါ။

       ဒါဆိုရင်တော့ ကိုယ်က ဘယ်ဆိုက်က ပုံကိုတော့ Zoom နဲ့ ကြည့်မယ်။ ဘယ်ဆိုက်ကိုတော့ မကြည့်ဘူး ဆိုပြီးတော့ အမှန်ခြစ်လေးတွေ ခြစ်လိုက် ဖြုတ်လိုက် လုပ်ပြီးတော့ ချိန်းလို့ ရပါတယ်။ အပေါ်မှာလည်း Setting အနေနဲ့ ပါပါသေးတယ်။ ဒါတွေက သိပ်မလိုအပ်လို့ ဘာမှ မရေးတော့ပါဘူး။ ကိုယ့်ဖာသာ ကလိကြည့်ပါ။        ဒါဆိုရင် Add on Install လုပ်လို့ အလုံးစုံ ပြီးပြည့်စုံသွားပါပြီ။ ဒါကို ကျွန်တော်တို့ အသုံးပြုတဲ့ အခါမှာ ဘယ်လို အသုံးဝင်တယ် ဆိုတာ ကျွန်တော် ရှင်းပြပါ့မယ်။ ပထမဦးဆုံး Facebook နဲ့ စမ်းကြည့်ရအောင်။ Facebook ရဲ့ Home မှာ ပေါ်နေတဲ့ ပုံတွေပါ။ အောက်က ပုံကို ကြည့်ပါ။

      မူရင်းမြင်နေရသော ပုံပေါ်ကို မောက်စ်ရဲ့ ကာဆာ မြားလေးကို တင်ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ်တင်လိုက်တဲ့ ပုံက အလိုလို Zoom ဆွဲပြီး တတ်လာပါလိမ့်မယ်။ အောက်က ပုံလေး အတိုင်းပေါ့။

       ဒီပုံကတော့ ပုံတွေ သိမ်းထားတဲ့ ဖိုင်တစ်ခုကို ဖွင့်လိုက်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်း ပုံတွေ ရှိသလောက် အသေးလေးတွေနဲ့ ပြထားပါလိမ့်မယ်။  အောက်က ပုံအတိုင်းပေါ့။

        ဒါကို ပုံကြီးနဲ့ ကြည့်ချင်တယ် ဆိုရင် ပုံကို ကလစ်နှိပ်ပြီး  ချဲ့ကြည့်ရပါမယ်။ အခုတော့ မလိုတော့ပါဘူး အဲဒီလို မြင်နေရတဲ့  ပုံသေးသေးလေးတွေပေါ်မှာ မောက်စ်ရဲ့ ကာဆာကို တင်လိုက်တာနဲ့ ပုံတွေက အလိုလို  Zoom ဆွဲပြီး ကြီးလာပါလိမ့်မယ်။ အောက်က ပုံကို ကြည့်ပါ။

      လူတစ်ယောက်ရဲ့ Profile Picture ကိုလည်း မသဲကွဲလို့ ၊ အပြည့်မပေါ်လို့ ဆိုပြီး ကလစ်နှိပ်ကြည့်စရာ မလိုပါဘူး။ အခုလိုပဲ မောက်စ် ကာဆာလေး တင်လိုက်တာနဲ့ သူက Zoom ဆွဲပြီး အကြီး ချဲ့ပေးပါတယ်။

        အိမ်မှာ ချက်ပြုတ်ပြီး Facebook မှာ ချက်ပြုတ်ထားသမျှတွေကို တင်ကာ သူများတွေကို သွားရည်ကျစေသော ပုံများကိုလည်း အခုလို မောက်စ် ကာဆာလေး တင်ကာ သွားရည်ကျနိုင်ပါတယ်။ အွန်လိုင်းပေါ်မှ နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ :) :)

      ဒီလောက် ဆိုရင် Facebook မှ ပုံတွေ အတွက် အဆင်ပြေလောက်ပြီလို့ ယူဆပါတယ်။ ကိုယ်တိုင် စမ်းကြည့်ပါ။ အတော်ကို ကောင်းမွန်ပြီး လွယ်ကူတာ တွေ့ရပါလိမ့်မယ်။ တစ်ခု ရှိတာက “ အဓိက ကတော့ အင်တာနက် ကွန်နက်ရှင် အနှေး ၊ အမြန်ကို လိုက်ပြီးတော့ ပုံတွေ ပေါ်ဖို့ကတော့ ကြာပါလိမ့်မယ် ” ဆိုတာကိုတော့ အထူး ပြောဖို့ မလိုပေမဲ့ ထပ်ပြီးတော့ သတိပေး ပြောလိုက်ပါရစေ။    

     ဒါဆို အခု ထပ်ပြီးတော့ Google Image က ပုံတွေကို စမ်းကြည့်ရအောင်။ ထုံးစံ အတိုင်း Google ကို ဝင်ပါ။ ပြီးရင် Images ကို ထပ်သွားပါ။ ရောက်ပြီ ဆိုရင် ကိုယ်ကြိုက်တာ တစ်ခုခုကို ရေးပြီး ရှာလိုက်ပါ။ ကျွန်တော်ကတော့ ပုရွက်ဆိတ် ဆိုပြီး ( ant ) လို့ပဲ ရှာလိုက်ပါတယ်။ ဒီတော့ ပုရွတ်ဆိတ်နဲ့ ပတ်သတ်တဲ့ ပုံတွေ အကုန် ကျလာပါလိမ့်မယ်။      

      အဲဒီလို ပုံတွေထဲက ကိုယ်ကြည့်ချင်တဲ့ ပုံပေါ်ကို မောက်စ်ရဲ့ ကာဆာလေး ချလိုက်ရင် သူ့အလိုလို Google Image က Zoom ဆွဲကာ ပုံကို ချဲ့ပြပါလိမ့်မယ်။ ဒါပေမဲ့ သူချဲ့ပြတဲ့ ပုံက အနည်းငယ်သာ ဖြစ်လို့ သေးငယ်ပါတယ်။ ဒါကို ဒီ Add on လေး ထည့်ထားရင်တော့ သူက Google Image က ချဲ့ပေးတဲ့ Zoom ထက် တင်ထားသော ပုံရဲ့ နဂိုမူလ အရွယ်အစားအတိုင်း ချဲ့ပြပါလိမ့်မယ်။ အောက်က ပုံကတော့ Google Image မှ ချဲ့ပြထားသော ပုံနှင့် ထပ်၍ ချဲ့ရန် အတွက် Loading လုပ်နေသော ပုံလေးပဲ ဖြစ်ပါတယ်။

       ဒီပုံကတော့ Google Image မှ ချဲ့ပေးသော ပုံနှင့် Z Zoom က ချဲ့ပေးသော ပုံကို ယှဉ်ပြထားတာ ဖြစ်ပါတယ်။

         ဒီ Add on လေးကို ဘာလို့ သုံးရလဲဆို အဓိက အားဖြင့်တော့ စာမျက်နှာ တစ်မျက်နှာမှ တစ်မျက်နှာသို့ ကူးပြောင်းသော  အချိန်ကုန်မှုကို သက်သာစေပါတယ်။ တန်းစီ မြင်နေတဲ့ ပုံတွေပေါ်မှာ မောက်စ်ရဲ့  ကာဆာလေးကို တင်လိုက်တာနဲ့ သူ့ဖာသာ Zoom ဆွဲပြီး ချဲ့ပေးတာကို  ကြည့်နိုင်ပါတယ်။ ပုံတစ်ပုံကို အကြီးချဲ့ပြီး မြင်ရအောင် စာမျက်နှာ တစ်မျက်နှာကနေ နောက်ထပ် တစ်မျက်နှာ ပြောင်းနေစရာ မလိုတော့ဘူးပေါ့။       

        ကျွန်တော့် အတွက်ကတော့ အရမ်းကို အဆင်ပြေပါတယ်။ အားလုံးကိုလည်း အဆင်ပြေပြေ နဲ့ အချိန်ကုန် သက်သာစွာ အင်တာနက် သုံးစေချင်လို့ ဒီ Add on လေးကို သုံးစေချင်ပါတယ်။ စမ်းသုံးကြည့်ပါ။       

         သုံးလို့ အဆင်မပြေဘူး ဆိုရင် အရှေ့က မော်နီတာကို တူနဲ့ ထုပါ။ အဆင်ပြေတယ် ဆိုရင်တော့ “ ကျေးဇူးတင်ပါတယ် ကိုဇော် ” လို့ ပြုံးပြီး ပြန်ပြောခဲ့ယုံပါပဲ။ ဘယ်ကို ရောက်နေနေ ကျွန်တော့် ဘလော့ကို ဝင်မရရင်လည်း အဆင်ပြေအောင်လို့ ကျွန်တော် pdf လေးပါ လုပ်ပြီး တင်ပေးထားပါတယ်။ လိုချင်သူများ ဒေါင်းပြီး သိမ်းထားလိုက်ပါ။ pdf မှာ ရှိနေတဲ့ လင့်တွေကို နှိပ်ပြီးတော့လည်း လိုရာကို ရောက်နိုင်ပါတယ်။

Read more...

  © Blogger template The Professional Template II by Ourblogtemplates.com 2009

Back to TOP